Hashimoto မြို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအီးမေးလ်ကိုဘ
Hashimoto မြို့ မြို့တွင်၊မြို့နေလူထုသည်သဘာဝဘေးဒဏ်သတင်းကိုမြန်မြန်နှင့်တိကျစွာရရှိနိုင်ရန်၊ကြိုတင်၍စာရင်းသွင်းထားသောလက်ကိုင်ဖုန်းများ၊ကွန်ပြူတာများသို့သဘာဝဘေးဒဏ်သတင်းကိုမေးလ်ဖြင့်ပေးပို့သည့်ဆားဗစ်ကိုဆောင်ရွက်လျက်ရှိပါသည်။သဘာဝဘေးဒဏ်ကျရောက်သည့်အခါတွင်သတင်းရယူရေးနည်းလမ်းအနေဖြင့်မပျက်မကွက်အသုံးပြုကြပါ။
စာရင်းသွင်းရန်နည်းလမ်း
QR ကုဒ်ကိုဖတ်၍ အီးမေးလ်အလွတ်ကိုပို့ပါ။

my-bousai.hashimoto-city@raiden.ktaiwork.jp
ခဏအကြာတွင်စရင်းသွင်းရန်လမ်းညွှန်ချက်ပါရှိသောအီးမေးလ်ကိုရရှိမည်ဖြစ်ပါသည်။
အီးမေးလ်အဆုံးတွင်ဖော်ပြထားသောURLသို့ဝင်ရောက်ပြီးမျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်းလိုက်နာ၍စာရင်းသွင်းပါ။
အခြားသောသတိပြုရန်အချက်
စာရင်းသွင်းခြင်းသည်အခမဲ့ဖြစ်သော်လည်း၊အီးမေးလ်ကိုလက်ခံသည့်အခါစသည်တို့တွင်လိုအပ်မည့်ဆက်သွယ်ရေးကုန်ကျစရိတ်ကို၊အသုံးပြုသူမှပေးဆောင်ရမည်ဖြစ်ပါသည်။
ဤဆားဗစ်အီးမေးလ်ကိုအချိန်မရွေးပို့မည်ဖြစ်ပါသည်။
စာရင်းမသွင်းမီ「 xxxx@raiden.ktaiwork.jp 」မှအီးမေးလ်ကိုလက်ခံနိုင်ရန်စီစဥ်ထားပါ။
မည်သို့သုံးရမည်မှန်းမသိလျှင်လက်ကိုင်ဖုန်းဆိုင်သို့မေးမြန်းစုံစမ်းပါ။
橋本市 危機管理室
〒648-8585
和歌山県橋本市東家一丁目1番1号
電話:0736-33-6105 ファクス:0736-26-4550
問い合わせフォーム
更新日:2024年05月31日